၂၀ မေ
အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် အင်အားပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်းသည် ချဉ်းကပ်ဝင်ရောက်လျက်ရှိပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါမှာလည်း ပျံ့နှံ့လျက်ရှိသဖြင့် အဆောက်အဦများ ကြီးမားစွာ ပျက်စီးမည်ကို စိုးရိမ်လျက်ရှိသည်။
အမ်ဖန်အမည်ရှိ ဆိုင်ကလုန်းမုန်းတိုင်းသည် အိန္ဒိယအရှေ့ဘက်ကမ်းရိုးတန်းရှိ ဘင်္ဂလားပင်လယ်အော်တွင် တိုက်ခတ်လျက်ရှိကြောင်း အိန္ဒိယမိုးလေဝသအာဏာပိုင်များက ပြောကြားခဲ့သည်။
ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်သည် မြောက်ဘက်သို့ ရွေ့လျားနေပြီး အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် အရှေ့ဘက်ကမ်းရိုးတန်းကို ချဉ်းကပ် ဝင်ရောက်လျက်ရှိသည်။
အဆိုပါ အမ်ဖန်မုန်တိုင်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၁၁၅ မိုင်နှုန်းဖြင့် လေပြင်းများ တိုက်ခတ်နိုင်ပြီး ပင်လယ်ပြင်တွင် လှိုင်းများ ပြင်းထန်နိုင်ကြောင်း မိုးလေဝသတာဝန်ရှိသူများ ပြောကြားခဲ့သည်။
၁၉၉၉ခုနှစ်က အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် မုန်းတိုင်းတွင် လူပေါင်း ၁၀ဝ၀ဝသေဆုံးခဲ့ပြီး အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကဲ့သို့ အမ်ဖန်မုန်တိုင်းသည်လည်း ပြင်းထန်နိုင်ကြောင်း လူအများကို မိုးလေဝသတာဝန်ရှိသူများက သတိပေးလျက်ရှိသည်။
အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်ရှိ သန်းပေါင်းများစွာသော လူများကို ဘေးလွှတ်ရာသို့ ရွေ့ပြောင်းပေးရန် အာဏာပိုင်များက ကြိုးစားလုပ်ကိုင်လျက်ရှိပြီး သို့သော်လည်း လူနေထူထပ်သည့် အဆောက်အဦများသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရာနေရာဖြစ်လာမည်ကိုလည်း စိုးရိမ်ပူပန်လျက် ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်