၂၀ မေ
လက်တင်အမေရိက နိုင်ငံတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုးဒဏ် အများဆုံးခံရတဲ့ ဘရာဇီးနိုင်ငံတွင် ၂၄ နာရီအတွင်း သေဆုံးသူ ၁၁၇၉ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
ဘရာဇီးနိုင်ငံမှာ သေဆုံးသူစုစုပေါင်း ၁၇,၉၇၁ ဦးရှိသွားပြီး၊ ပထမဦးဆုံးအနေနဲ့ သေဆုံးသူ ထောင်ဂဏန်းကျော် သွားတာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၄ နာရီအတွင်း ရောဂါပိုးတွေ့ရှိသူ ၁၇,၄၀၈ ဦး ရှိသွားတဲ့အတွက် စုစုပေါင်း ၂၇၁,၆၂၈ ဦး ရှိရာ ကမ္ဘာမှာ ရောဂါပိုး ကူးစက်ခံရသူ တတိယမြောက် အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ ကမ္ဘာမှာ တတိယမြောက် ရောဂါပိုးတွေ့ရှိသူ အဖြစ် ၇၂ နာရီအတွင်းမှာ ဗြိတိန်၊ စပိန်နဲ့ အီတလီနိုင်ငံတွေကို ကျော်တက်သွားတာ ဖြစ်ကြောင်း မှတ်တမ်းတွေအရ သိရပါတယ်။
ဘရာဇီးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူနဲ့ ကူးစက်ခံရသူအရေ အတွက် များလာပေမယ့် အမြင့်ဆုံး ကိန်းဂဏန်းကို ကို မကျော်သေးကြောင်း၊ အများဆုံးအရေအတွက်ဟာ ဇွန်လဆန်းပိုင်းမှ ဖြစ်နိုင်ကြောင်း ကျန်းမာရေးကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းထားပါတယ်။
အစိုးရထုတ်ပြန်တဲ့ ပိုးတွေ့ရှိသူ စာရင်းနဲ့ သေဆုံးသူစာရင်းထက် လက်တွေ့မှာ ၁၅ ဆ သို့မဟုတ် အဲဒီထက်များနိုင်ကြောင်း၊ ဘာကြောင့်လဲဆိုရင် ဗိုင်းရပ်စ်ပိုးစစ်ဆေးခံရသူ ပမာဏ အလွန်နည်းတဲ့ အတွက် ဖြစ်တယ်လို့ ပညာရှင်တွေက ဆက်ပြောပါတယ်။
ယာယီကျန်းမာရေးဝန်ကြီး ဗိုလ်ချုပ် အက်ဒူရို ပေ့ဇူလို က ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရဲ့ လက္ခဏာ သိပ်မပြင်ထန်းတဲ့ ဝေဒနာရှင်တွေကိုတောင် ငှက်ဖျားပျောက်ဆေး ကလိုရိုကွင်း နဲ့ ကုသမယ်လို့ သမ္မတက ကြေညာလိုက်ပါတယ်။
MDN
ကိုးကား-AFP