နမ့်စန် ၂၀ မေ
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ဟိုက်ဖတ် ကျေးရွာအုပ်စုရှိ နမ့်ကြုတ်ကျေးရွာတွင် သောက်သုံးရေ ရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်နေသည့်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းကာ မေ ၂၀ ရက် နံနက် ၈ နာရီက သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေလှူဒါန်းရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှိုင်ဝင်းထွန်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်ဝင်း နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ရေသယ်ယာဉ်ဖြင့် သောက်သုံးရေ ရေဂါလန် ၆၄၀ဝ ကို နမ့်ကြုတ်ကျေးရွာရှိ ယာယီမိုးကာ ရေသိုလှောင်ကန်အတွင်းသို့ ထည့်ပေးကာ ကျေးရွာသူကျေးရွာသားများထံ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)


