ကျောက်ပန်းတောင်း ၂၀ မေ
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံနှင့်အလုပ်ဌာနများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ/မရှိကို မေ ၁၈ ရက် နံနက် ၁၀ နာရီက အဖွဲ့ပေါင်းစုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့တွင် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့် ဆီစက်လုပ်ငန်းများ၌ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည့် အချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိနှင့် လုပ်သားအင်အား၊ လုပ်ငန်းလည်ပတ်မှုအခြေအနေတို့ကို စစ်ဆေးခဲ့ကြပြီး အသေးစားငွေချေး လုပ်ငန်းများ လုပ်ငန်းပြန်လည်စတင်နိုင်ရန် အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကျန်းမာရေးဆိုင်ရာ သိရှိလိုက်နာမှု၊ ပညာပေးဆောင်ရွက်မှုနှင့် လူစုလူဝေးမဖြစ်စေရန် စီစဉ်ဆောင်ရွက်ထားရှိမှုတို့ကို ညောင်ဦးခရိုင်စက်မှု ကြီးကြပ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးနှင့် တာဝန်ရှိသူများက စားသောက်ကုန်လုပ်ငန်းများဖြစ်သည့် ဆီစက်လုပ်ငန်း(၃)ခုနှင့် အသေးစားငွေချေးလုပ်ငန်း(၅)ခုတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


