ဆင်ဖြူကျွန်း ၂၀ မေ
မကွေးတိုင်းဒေသကြီး ဆင်ဖြူကျွန်းမြို့ လူငယ်ပရဟိတအသင်းမှ အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ဆင်ဖြူကျွန်းမြို့ပြည်သူ့ဆေးရုံတွင် သွေးလိုအပ်သောလူနာများအတွက် သွေးလှူဒါန်းနိုင်ရန်အတွက် သွေးအုပ်စုအမျိုးအစားဓါတ်ခွဲစစ်ဆေးခြင်းနှင့် ဆေးရုံဝန်းအတွင်းစုပေါင်း သန့်ရှင်းရေး အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆင်ဖြူကျွန်းမြို့ လူငယ်ပရဟိတအသင်းတွင် လက်ရှိသွေးလှူဒါန်းနေသော လူငယ်အဖွဲ့ဝင် ၁၀ ဦးရှိပြီး ဆက်လက်၍ သွေးလှူဒါန်းနိုင်ရန်အတွက် အဖွဲ့ဝင်လူငယ်မောင်မယ် ၁၅ ဦး၏သွေးနမူနာရယူ၍ သွေးအုပ်စု အမျိုးအစားဓါတ်ခွဲစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက်ဆင်ဖြူကျွန်းလူငယ်ပရဟိတအသင်းမှ ဦးဆောင်၍ ဆေးရုံအဆောက်အဦဘေး ရေနုတ်မြောင်းရေစီးရေလာကောင်းမွန်စေရေး ပိတ်ဆို့နေသော အမှိုက်များရှင်းလင်းခြင်းနှင့် ဆေးရုံးအတွင်းအပြင် စုပေါင်းသန့်ရှင်းရေးအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးမိုးသူ(စလင်း)


