ဂန့်ဂေါ ၂၀ မေ

မေ ၁၈ က်နေ့၌ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာ ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံ အမျိုးသမီး လူနာဆောင် မျက်နှာကျက်ပြိုကျခဲ့ရာသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့သည် မေ ၁၉ ရက်တွင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ထိုသို့ပြိုကျရာတွင် အမျိုးသမီးလူနာဆောင် ခန်းမှ မျက်နှာကျက်သည် အလိုလိုပြိုကျခြင်းဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူ မရှိသော်လည်း လူနာများကို အခြားဆောင်သို့ ပြောင်းရွှေ့ကုသကြောင်းနှင့် အဆောက်အဦကို ၂၀၁၄- ၂၀၁၅ ခုနှစ်က မကွေးစတားကုမ္ပဏီက ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၁၄၄