မြင်းခြံ    ၂၀   မေ

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် နဘူးအိုင်ကျေးရွာနှင့် ကန်နီကျေးရွာသို့ ကျောက်တောင်-ကျားမာန် မိသားစုမှ အာဟာရဖြည့်သွင်းခြင်းအနုပညာ အစီအစဉ်ဖြင့် အခြေခံ အိမ်ထောင်စုများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို မေလ ၂၀ ရက် နံနက် ၈ နာရီခွဲက ပြုလုပ်ခဲ့သည်။

 

နဘူးအိုင်ကျေးရွာ အခြေခံလူတန်းစား အိမ်ထောင်စု ၃၅၀ နှင့် ကန်နီကျေးရွာ အခြေခံလူတန်းစား အိမ်ထောင်စု ၄၅၀ တို့အတွက် အိမ်ထောင်စု တစ်စုလျှင် ဆီ ၅၀ ကျပ်သား တစ်ဘူး၊ ခေါက်ဆွဲခြောက် တစ်ထုပ်၊ အာလူး ၂၅ ကျပ်သား၊ ငါးသေတ္တာ တစ်ဘူး၊ ကြက်ဥ ငါးလုံး၊ အချိုရည် တစ်ဘူး စုစုပေါင်း ပစ္စည်းခြောက်မျိုး ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း၊ မြင်းခြံမြို့ပေါ် ရပ်ကွက် ၁၉ ခုနှင့် ကျေးရွာ ၆ ရွာ အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၈၃၀၀ ကျော်အား ထောက်ပံ့လှူဒါန်းပေးခဲ့ပြီး မြင်းခြံမြို့ပေါ်ရှိ သီလရှင်ကျောင်းများရှိ သီလရှင်အပါး  ၂၂၀ ကိုလည်း အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ကျော်စွာ(မြင်းခြံ)