ရန်ကုန် ၂၀ မေ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဉီးစေတီတော် ဘက်စုံပြုပြင်မွမ်းမံရေးအတွက် မေ ၂၀ ရက် မွန်းလွဲ နာရီ၌ စေတီတော်ဂေါပကအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတီတော်ရင်ပြင် ဆိပ်ကမ်းဓမ္မာရုံတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံစဉ် ဝန်ကြီးချုပ်က မြန်မာနိုင်ငံသည် ကမ္ဘာ့ပေါ်တွင် ထေရဝါဒဗုဒ္ဓသာသနာ့တော် အထွန်းကားဆုံး နိုင်ငံဖြစ်သည်နှင့်အညီ ရင်ပြင်တော်ပေါ်တွင် စေတီတော်ကိုးကွယ်စေမည့် အဆောက်အအုံများ ဆောက်လုပ်လှူဒါန်းခြင်းကို သေချာစဉ်းစားဆုံးဖြတ် လုပ်ကိုင်ရန်လိုအပ်ကြောင်း၊ အနောက်ဘက်၊ တောင်ဘက်၊ မြောက်ဘက်ရှိ အာရုဏ်ခံတန်ဆောင်း သုံးခု၊ အစ်မတော်မြနန်းနွယ်ကျောင်းဆောင်၊ မဂ္ဂင်မြိုင်ပန်းခြံတွင် ဆင်းတုတော်များ နေရာချထားရန်အတွက် ကျောင်းဆောင်တည်ဆောက်ခြင်း၊ ရင်ပြင်တော်အနောက်ဘက်ရှိ ကျောင်းဆောင်လေးခု ပြုပြင်တည်ဆောက်ခြင်းများ ဆောင်ရွက်ရာတွင် စနစ်တကျ ပြန်လည်တည်ဆောက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စေတီတော်ဂေါပကအဖွဲ့ဝင် ဉီးမျိုးမြင့်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ Led မီးများဖြင့် ရင်ပြင်တစ်ခုလုံး ထွန်းညှိပူဇော်ရေး၊ အစ်မတော် မြနန်းနွယ်အား ယာယီကျောင်းဆောင်သို့ ပင်ဆောင့်ရေး၊ နန်းဆောင်အသစ် ပြန်လည်တည်ဆောက်ရန်အတွက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဝန်ကြီးချုပ်မှ ရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ပြီး စေတီတော်ရင်ပြင်တော်အတွင်း တည်ဆောက်နေမှုများ၊ ရင်ပြင်တော်လျှောက်လမ်း နေပူခံကျောက်ပြား ခင်းကျင်းနေမှုများနှင့် အစ်မတော်မြနန်းနွယ် ယာယီကျောင်းဆောင်တို့အား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆန်းကျော်ဉီး (ပြန် /ဆက်)

 

DSC_9443

 

pmt