နေပြည်တော် ၂၀ မေ

ယနေ့ ညနေ ၄ နာရီ မိနစ် ၂၀ ခန့်က ရန်ကုန်-နေပြည်တော်လမ်းပိုင်း မိုင်တိုင်အမှတ် ၁၄၅/၇ အနီးတွင် ယာဉ်မောင်းစိစစ်ဆဲ တစ်ဦးတည်း မောင်းနှင်လာသည်  5N/----- အဖြူရောင်ယာဉ်သည် မောင်းနှင်လာစဉ် လမ်းချော်ပြီး လမ်းလယ်ကျွန်းသစ်ပင်အား တိုက်မိတိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်အရ သိရှိရသည်။

ဖြစ်စဉ်ကြောင့် ယာဉ်မောင်းသေဆုံးသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဇီးပင်သာစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ယာဉ်မောင်းနှင့် သက်ဆိုင်သူများ အမြန်လမ်းမကြီးရဲတပ်ဖွဲ့သို့ ဆက်သွယ်နိုင်ပါရန် (ယာဉ်ပေါ်တွေ့ရှိ အထောက်အထားနိုင်ငံသားကတ်) နှင့် ရာသီဥတုအခြေအနေကြောင့် အမြန်လမ်းမတစ်လျှောက်တွင် မိုးဖွဲများရွာသွန်းလျက်ရှိကာ ခရီးသွားပြည်သူများ သတိပြုမောင်းနှင်ကြပါရန် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အသိပေးတိုက်တွန်းထားသည်။

MDN

ဓာတ်ပုံ- အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး