မိုးကုတ် ၂၀ မေ

မိုးကုတ်မြို့တွင် ယနေ့ ညနေ နာခွဲက လီရှောလယ်ဦးအုပ်စု ပြောင်းခေါင်းကျေးရွာ၌ မိုးရွာသွန်းမှုကြောင့် တွင်းပြိုပိတ်ဆို့မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယခင်နေ့တွင် မိုးရွာသွန်းထားရှိမှုကြောင့် ညနေ နာရီခန့်က မြေသားအိကာ တွင်းပြိုမှုစတင်ဖြစ်ပွားခဲ့ပြီး အလုပ်လုပ်နေသည့် တွင်းလုပ်သားအဖွဲ့သုံးဖွဲ့ ပိတ်နေခဲ့ကြောင်း၊ နာရီ၀က်ခန့်အကြာတွင် ပထမအဖွဲ့မှာ အပြင်သို့ အောင်မြင်စွာ ထွက်လာနိုင်ခဲ့ပြီး ညနေ နာရီ မိနစ် ၂၀ တွင် ကျန်ရှိသည့် အဖွဲ့နှစ်ဖွဲ့မှာ ဘေးကင်းစွာဖြင့် ပြန်လည်ထွက်လာနိုင်ခဲ့ကြာင်း အဆိုပါတွင်းပြိုနေရာသို့ ရောက်ရှိနေသည့် ဒေသခံပြည်သူတစ်ဦးမှ ပြောသည်။

ပိတ်မိနေသူအားလုံးသည် ၎င်းတို့လုပ်ကိုင်နေသည့် ကျောက်မျက်တူးဖော်သည့်တွင်း ပြိုကျသွားသွားခြင်းကြောင့် ၎င်းတို့နှင့်ထိစပ်လျက်ရှိသည့်တွင်းသို့ ဖောက်ထွက်ကာ အန္တရာယ်ကင်းစွာဖြင့် ပြန်လည်ဖောက်ထွက် လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

မိုးကုတ် မြို့နယ်(ပြန်/ဆက်)

 

IMG_0950

 

IMG_0951