နေပြည်တော် ၂၀ မေ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျန် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် အပါအဝင် နည်းလမ်းမျိုးစုံဖြင့်  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  မေ ၁၁ ရက်မှ ၁၇ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်၊ သစ်တော်ဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၀၃ ဒသမ ၀၁၈၄) တန်၊ သစ်မာ (၁၈၅ ဒသမ ၀၇၂၅)တန်၊ အခြား(၄၄၄ ဒသမ ၉၆၀၈)တန် စုစုပေါင်း (၈၃၃ ဒသမ ၀၅၁၇) တန်၊ တရားခံ (၁၀၅)ဦး၊ ယာဉ်/ယန္တရား (၆၀)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ဦးညီညီသန်း(နေပြည်တော်)