အောင်လံ ၂၁ မေ
မကွေးတိုင်းဒေသကြီး အောင်လံမြို့၌ ကူးစက်ရောဂါကာကွယ်ရေးအတွက် အပြင်ထွက်လျှင် Mask တပ်ဆင်သည့် အလေ့အထကောင်း ရရှိစေရန်ရည်ရွယ်၍ ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အစီအစဉ်ဖြင့် Mask campaign ပြုလုပ်ပညာပေးခြင်းကို မေလ(၂၁) ရက်နေ့ နံနက်(၈)နာရီမှစတင်၍ အ.ထ.က(၂) ဘောလုံးကွင်းယာယီဈေးရှေ့ ပြည်လမ်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းလှုပ်ရှားမှုတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဉက္ကဋ္ဌ ဦးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေး အဖွဲ့များသည် လမ်းမတစ်လျှောက် လမ်းသွားလမ်းလာများနှင် ယာဉ်ပေါ်ရှိခရီးသည်များအား mask တပ်ဆင်သွားလာမှု ရှိ/မရှိ စစ်ဆေး၍ mask တပ်ဆင်ခြင်းမရှိပါက mask တစ်ခုလျှင် ငွေကျပ် ၂၀ဝ နှုန်းဖြင့်ရောင်းချပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးလွင်ကကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပညာပေး ဟောပြောခဲ့သည်။
အဆိုပါ ဆောင်ရွက်မှု မေလ(၂၀)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ (၂၃)ရက်နေ့မှ စတင်၍ (၃၁)ရက်နေ့အထိ ကျပ်(၅၀ဝ)နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်းနှင့် နောက်ပိုင်းကာလများတွင် အရေးယူမှုများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သိန်းလွင်(အောင်လံ)


