ရန်ကုန် ၂၁  မေ

           

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး၊ လှုမှုဝန်ထမ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်များအသင်း(ဗဟို)တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စေတနာ့ ဝန်ထမ်းများအတွက် ဆင့်ပွားသင်တန်းကို စက်မှုလက်မှု အထက်တန်းပညာကျောင်း (GTI) ခန်းမ၌ ယနေ့ နံနက်(၉)နာရီက ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါ ဖွင့်ပွဲသို့ အင်းစိန်မြို့နယ်၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှုမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကေသီကျော်တို့က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ဖွင့်ပွဲသို့ အင်းစိန်မြို့နယ်၊ တိုင်းဒေသကြီး(၁) လွှတ်တော် ကိုယ်စားလှယ် ဦးသာအောင်၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှုမှုဝန်ထမ်း ဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါက်တာကေသီကျော်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီထွန်းနှင့် ဝန်ထမ်းများ၊ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်း ခရိုင် (အင်းစိန်)မှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းကြည်၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း(ဗဟို)မှ ဆရာ ဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

 

အဆိုပါ သင်တန်းကို မြန်မာနိုင်ငံ ဆရာဝန်များအသင်း(ဗဟို)မှ ဒေါက်တာ မိုးသော်၊ဒေါက်တာ သန္တာအောင်၊ ဒေါက်တာ သိင်္ဂီဝင်း၊ ဒေါက်တာ ဟန်ဖြိုးအောင်၊ ဒေါက်တာ ဝဏ္ဏထွန်းတို့က အင်းစိန် မြို့နယ် အတွင်းရှိ စေတနာ့ဝန်ထမ်းပေါင်း ၆၀ ဆင့်ပွားသင်တန်းကို မေလ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်၊ ညနေပိုင်းတွင် ရွှေပြည်သာမြို့နယ်၊ မေလ(၂၂)ရက်နေ့ နံနက်ပိုင်းတွင် လှိုင်သာယာ (အရှေ့/အနောက်)မြို့နယ်၊ညနေပိုင်းတွင် ထန်းတပင်မြို့နယ်များသို့ သင်တန်းပို့ချမည်ဖြစ်သည်။

 

ဆက်လက်၍ မေလ(၂၃၊၂၄)ရက်နေ့များတွင် မင်္ဂလာဒုံမြို့နယ်၊ထောက်ကြန့် အမျိုးသမီး ကလေးများ သင်တန်းကျောင်း၌ လှည်းကူးမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ် များရှိ စေတနာ့ ဝန်ထမ်းများကို ဆက်လက်ပို့မည်ဖြစ်ပြီး ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ စေတနာ့ ဝန်ထမ်း (၂၄၀)အား ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းတွင် Quarantine ဝင်လာသည့် အမျိုးသမီးနှင့်ကလေးငယ်များကို မည်သို့ စောင့်ရှောက်ရန် သက်ကြီးရွယ်အိုနှင့် မကျန်းမာသူတို့ကို မည်သို့ စောင့်ရှောက်ရန် အမျိုးသမီးငယ် လေးများကို မည်သို့စောင့်ရှောက်ရန် စသည့်ကာကွယ်စောင့်ရှောက်ထိန်းသိမ်းရမည့် သင်တန်းစာများကို သင်တန်းပို့ချမည်ဟု သိရသည်။

 

သတင်း            -          မျိုးမင်းသိန်း(မရမ်းကုန်း)

ဓာတ်ပုံ             -          မျိုးသန့်