ထန်တလန် ၂၁ မေ
ချင်းပြည်နယ် ဟားခါးခရိုင် ထန်တလန်မြို့ အမှတ် (၃)ရပ်ကွက်ရှိ န.တ.လ လူငယ်ကျောင်းတွင် ထားရှိသည့် Facility Quarantine (၂၁) ရက် ပြည့်ပြီးသူ (၃၈) ဦးအား ယနေ့နံနက် ၉ နာရီခွဲတွင် ပြန်လည် စေလွှတ်လိုက်ပြီဖြစ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်နှင့် တာဝန်ရှိသူများက အားပေးစကားများ ပြောကြားကြသည်။
Facility Quarantine ဝင်ရောက်နေသူ (၃၈) ဦးအား ကျန်းမာရေးကောင်းမွန်ကြောင်း မြို့နယ်ကုသရေး ဆရာဝန်ကြီး ဒေါက်တာထွန်းပွားက ထောက်ခံစာများပေးအပ်ခဲ့ကြောင်း သိရသည်။
Facility Quarantine မှ ပြန်လည်စေလွှတ်သူများအားလုံးကို ၎င်းတို့၏ နေအိမ်သို့အရောက် သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံပို့ဆောင်ခဲ့ကြောင်း၊ နေအိမ်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ညွှန်ကြားချက်အတိုင်း ဆက်လက်နေထိုင်ကြရန် လမ်းညွှန်မှာကြားထားကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်ထံမှ သိရှိရသည်။
ယောန(ပြန်ဆက်)


