နမ့်စန် ၂၁ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်တွင် မေလ ၁၈ ရက်နေ့က တိုက်ခတ်ခဲ့သည့် လေပြင်း ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဝမ်နောင်ကျေးရွာအုပ်စု ကုန်းဆာ(တောင်)ကျေးရွာရှိ နေအိမ်များ အတွက် လွိုင်လင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့ငွေများကို မေလ ၂၁ ရက် နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ၊ ဦးစိုင်းလုံ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိ သူများက ကုန်းဆာ(တောင်)ကျေးရွာရှိ လေဘေးသင့်နေအိမ် ၄၅ အိမ်အတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၁၆၀၁၀ဝ၀ ကို ရွာသူရွာသားများလက်ဝယ်အရောက်ထောက်ပံ့လှူဒါန်းခဲ့ ကြောင်းသိရသည်။
သူရအောင် (ပြန်/ဆက်)


