တောင်ကြီး မေ ၂၁

 

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ကျောင်းသူ၊ကျောင်းသား၊မိဘဆရာများ စိုးရိမ်ပူပန်မှုများ လျော့နည်းစေရန် တောင်ကြီးမြို့ စေတနာ့ဝန်ထမ်း လူငယ်များအဖွဲ့ မှ စောင့်ကြည့် စင်တာ ဖွင့်လှစ်ခဲ့သည့် မြို့နယ်တွင်းအခြေခံပညာကျောင်းများအား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို တောင်ကြီးမြို့ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့က ကား ၅ စီး၊ ပိုးသတ်ဆေးဖြန်းစက် ၆ လုံးဖြင့်မေ လ ၁၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း ယင်းအဖွဲ့မှ သိရသည်။

 

စေတနာဝန်ထမ်း လူငယ်များအဖွဲ့အနေဖြင့် မေလ ၂၁ ရက်နေ့ နံနက်တွင် တောင်ကြီးမြို့နယ် နောင်ကား ကျေးရွာအုပ်စုအတွင်း ပြည်ပပြန်များထားရှိရာ သတ်မှတ်စောင့်ကြည့်စင်တာ အခြေခံပညာကျောင်း ၉ ကျောင်းသို့သွားရောက်၍ ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်များ ဆောင်ရွက်လျက် ရှိကြောင်း၊ မြို့နယ်အတွင်းသတ်မှတ် စောင့်ကြည့်စင်တာများမှ စောင့်ကြည့်သတ်မှတ်ရက် မပြည့်သေးသည့် ပြည်ပပြန် စောင့်ကြည့်ပြည်သူများ ကျန်ရှိသည့် ကျောင်းများမှအပ ကျန်သည့် ကျောင်းအားလုံးနီးပါး ပိုးသတ်ဆေးများဖျန်းပြီးဖြစ်ကြောင်း အဆိုပါအဖွဲ့မှ ကိုဝင်းနိုင်စိုးက ပြောကြားသည်။

 

အဆိုပါ ပြည်ပပြန်များထားရှိခဲ့သည့် အခြေခံပညာကျောင်းများ ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းအား တောင်ကြီးမြို့ရှိ စေတနာရှင်အလှူရှင်များက ပိုးသတ်ဆေး လှူဒါန်းပေးခြင်း၊ ကားအကူအညီ ပေးခြင်းနှင့် စေတနာ့ဝန်ထမ်း လူငယ်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 

စိုးညွှန့်ရွှေ(ပြန် /ဆက်)