စစ်ကိုင်း ၂၁ မေ
စစ်ကိုင်းခရိုင် Corona Virus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေး၊ အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဦးဆောင် ကာ နှာခေါင်းစည်းများ အသုံးပြုခြင်းမရှိဘဲ နေအိမ် ပြင်ပသို့ ထွက်ခွာသွားလာသူများအား နှာခေါင်းစည်းမျး (အခမဲ့) ပေးဝေကာ ပညာပေးခြင်းများကို မေ(၂၁)ရက် နံနက်(၇)နာရီခွဲက စစ်ကိုင်းမြို့ မြို့မဈေးရှေ့ရှိ လမ်းလေးဆုံ မီးပ္ပိုင့်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအဖွဲ့တွင် စစ်ကိုင်းခရိုင် (ကိုဗစ်-၁၉) ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင် ဦးဆောင်သော ခရိုင်/မြို့နယ်အဆင့်ကော်မတီဝင်များ၊ ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်ယာဉ်ထိန်းတပ်ဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံ အမျိုးသမီးနှင့် ကလေးသူငယ်များဘဝ မြှင့်တင်တင်ရေးအသင်း ခရိုင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် စည်ပင်သာယာရေး ဝန်ထမ်းများပူးပေါင်းအဖွဲ့သည် ဟမ်းစပီကာနှင့် အသံချဲ့စက်များ အသုံးပြု၍ မလိုအပ်ဘဲအပြင် မထွက်ကြဖို့နှင့် လိုအပ်သဖြင့်နေအိမ် ပြင်ပသို့ ထွက်ခွာသွားလာသည့်အခါတွင် နှာခေါင်းစည်းများ အသုံးပြုသွားလာကြရန်ကိုလည်းကောင်း၊ စစ်ကိုင်းမြို့တွင် မေ(၂၁)ရက်မှစ၍ ပညာပေးကာလ ကုန်ဆုံးကာ မေ(၂၂)ရက်တွင် လိုက်နာဆောင် ရွက်ခြင်းမရှိပါက အရေးယူကာလသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း လှုံ့ဆော်ခဲ့ကြသည်။
ထို့နောက် လမ်းမများ၌ နှာခေါင်းစည်းအသုံးမပြုဘဲသွားလာနေသည့် ပြည်သူများနှင့် ယာဉ်မောင်း များအား နှာခေါင်းစည်းများ(အခမဲ့)ပေးဝေးကာ ပညာပေးခဲ့ကြကြောင်း သိရသည်။
မျိုးဝင်း (ပြန်/ဆက်)


