ပင်လည်ဘူး ၂၁ မေ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိုနယ် စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ မိတ်ဖက်အဖွဲ့ အစည်းများ ပူးပေါင်း၍ မေ ၂၀ ရက်နေ့က မြို့ပေါ်စားသောက်ကုန်မုန့်ဆိုင်များနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား ရှောင်တခင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ ကာလအတွင်း ဆေးပစ္စည်းဆိုင်များ၊ စားသောက်ကုန် ဆိုင်များနှင့် မုန့်ဆိုင်များတွင် ရောင်းချလျက်ရှိသည့်ပစ္စည်းများအား ဈေးတင်ရောင်းချခြင်းရှိ/မရှိ၊ ရက်ဒိတ်လွန် ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ၊ ပစ္စည်းများစနစ်တကျ ထားသိုရောင်းချခြင်းရှိ/မရှိ၊ မည်သည့်ကုန်စည် အမျိုးအစားမဆို ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ထည့်သွင်း ဖော်ပြထားခြင်း ရှိ/မရှိ စသည့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက် ရောင်းချခြင်းရှိ/မရှိ အခြေအနေများကို စစ်ဆေး ဆောင်ရွက်ခဲ့ကြပြီး အသိပညာပေး ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)


