ကျိုက်ထို ၂၁ မေ
ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပေါ်နေသည့် ကာလတွင် (၂)လကြာ ရပ်နားထားခဲ့သည့် အသက်(၅)နှစ်အောက် ကလေးငယ်များအား ထိုးပေးလျှက်ရှိသည့် ပုံမှန်ကာကွယ်ဆေးကို မေ ၁၉ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိသည်။
ယင်းသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊အသည်းရောင်အသားဝါ (B)၊ ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါ ၊ ပိုလီယို ဝမ်းချုပ်၊ ဝမ်းပျက် အစရှိသည့် ကာကွယ်ဆေးများကို တစ်ပတ်လျှင် (၅)ရက် သတ်မှတ်၍ ထိုးနှံပေးလျှက်ရှိပြီး ဇွန်လမှ စတင်ကာ ရပ်ကွက် ကျေးရွာများရှိ ကျန်းမာရေး ဌာနခွဲများ၌ ပြန်လည်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)


