ပဲခူး  ၂၁  မေ

 

ဘဝငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် ဘဒ္ဒန္တကုသလ (အဂ္ဂမဟာသဒ္ဒမ္ဓဇောတိကဓဇ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ) ဦးဆောင်သော လင်ဂျူးတောင် ဗုဒ္ဓသာသနာပြုအဖွဲ့၊ တပည့်ဒါယိကာ များက ကိုဗစ်-၁၉ရောဂါ  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်တွင် အသုံးပြုရန်အတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်း လာရောက်ထောက်ပံ့ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက          ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမတွင် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထို့နောက် လှူဒါန်းမှုနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက အလှူငွေများ လက်ခံယူကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ကြသည်။

 

အဆိုပါ လင်ဂျူးတောင် ဗုဒ္ဓသာသနာပြုအဖွဲ့ ၊ တပည့်ဒါယိကာ၊ ဒါယိကာမများက ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ (၃၁)မိုင်(၇)မိုင်ရှိ လင်ဂျူးတောင် ဗုဒ္ဓသာသနာ့နယ်မြေ၌ လှော်ကားကျေးရွာ အုပ်စုရှိ လှော်ကားကျေးရွာ၊ လသာကုန်းကျေးရွာ၊ ဘုရားလေးကုန်းကျေးရွာ၊ ဝိတိုကျေးရွာ (အရှေ့၊အနောက်)၊ အင်းကလေးကျေးရွာ၊ မဟာမိုးမြေခြံကျေးရွာ၊ သရက်ကုန်းကျေးရွာအုပ်စုရှိ သရက်ကုန်းကျေးရွာ၊ စစ်ကွင်းကျေးရွာ၊ အော်ရောဖကျေးရွာ၊ ဉာဏ်သာယာကျေးရွာ စုစုပေါင်း ကျေးရွာ(၁၀)ရှိ အိမ်ထောင်စု (၁၂၀ဝ) အုပ်စုအတွက် တစ်အိမ်ထောင်လျှင် ဆန်(၆)ပြည်၊ ဆီငါးဆယ်သား ၊ ဆား ၅၀ ကျပ်သား၊ ကြက်သွန်နီ(၁)ပိဿာ၊ အာလူး(၁)ပိဿာ၊ ခေါက်ဆွဲခြောက်(၁၀)ထုတ်နှင့် ကွေကာအုပ် (၅)ထုပ်တို့အား စနစ်တကျ ထောက်ပံ့လှူဒါန်းပေး အပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

ဟိန်းထက်(ပဲခူး)