ဟားခါး   ၂၁    မေ         

 

ချင်းပြည်နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း Community Based Facility Quarantine အတွက်   Mercy Par Co.Ltdမှ ငွေကျပ် သိန်း၂၀နှင့်ပလက်ဝဒေသ တိုက်ပွဲရှောင် ပြည်သူများအတွက် CPC Public Co.Ltd မှ ငွေကျပ် သိန်း  ၂၀ ကို မေလ၂၁ ရက်နေ့က ချင်းပြည်နယ် အစိုးရအဖွဲ့သို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါသည်။

 

 ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ပြည်နယ် ဝန်ကြီးချုပ်ရုံးခန်း၌ မေလ ၂၁ရက်နံနက် ၁၁နာရီက ချင်းပြည်နယ် Community Based Facility Quarantine အတွက်  Mercy Par Co.Ltd မှ ဦးထောင်ကီယာန်းက အလှူငွေကျပ်သိန်း ၂၀ ကိုလည်းကောင်း၊ ချင်းပြည်နယ် ပလက်ဝဒေသ တိုက်ပွဲရှောင် ပြည်သူများအတွက် CPC Public Co.Ltd မှ  ကိုယ်စားလှယ် ဦးဂျိုးဇက်နှင့် ဦးထောင်ကီးယာန်းတို့က အလှူငွေကျပ်သိန်း ၂၀ ကို လည်းကောင်း အသီးသီး ပေးအပ် လှူဒါန်းကြရာ ချင်းပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

 

 အဆိုပါလှူဒါန်းပွဲအခမ်းအနားများသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြပြီး ချင်းပြည်နယ်အတွက် လှူဒါန်းပေးကြသော  အလှူရှင်များအား ဝန်ကြီးချုပ်က ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်စကား ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

 

ဇိုလေးနွယ် ပြန်/ဆက်