သုဝဏ္ဏဝတီ ၂၁ မေ
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီး မိုးကောင်းကျေးရွာအုပ်စု ကင်မွန်းခြုံကျေးရွာ အခြေခံ ပညာမူလတန်းကျောင်းရှေ့ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းကွေ့တွင် မေ ၂၁ ရက် နေ့လယ် ၁၂ နာရီခန့်က ပြောင်းဖူးစေ့များ တင်ဆောင်လာသည့် ၁၈ ဘီးကားသည် လမ်းကွေ့၌ အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်၍ တစ်ဖက်ယာဉ်ကြောမှ သုံးဘီးဆိုင်ကယ်အား ပိမိရာ လူလေးဦးအား ဆေးရုံသို့ ပို့ဆောင်ပေးပြီး ကျန်လူနှစ်ဦးသည် ကားထဲ ပိတ်မိနေကြောင်း သိရသည် ။
ယာဉ်တိုက်မူဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သထုံခရိုင် မီးသတ်တပ်ဖွဲ့ဝင်များ၊ သုဝဏ္ဏဝတီမြို့ရှိ လူမူကယ်ဆယ်ရေးအသင်းအဖွဲ့များ စုပေါင်းကူညီ၍ ဒဏ်ရာရလူနာ ၄ ဦးအား သိမ်ဆိပ် ဆေးရုံသို့ ပို့ဆောင်ပေးပြီး YGN 9K/---- နံပါတ်ပါ အဖြူရောင် ၁၈ ဘီး တွဲယာဉ်မှ ယာဉ်မောင်းနှင့် သုံးဘီးဆိုင်ကယ်မှ ယာဉ်မောင်း နှစ်ဦးမှာ ကားအတွင်း ညပ်မိ၊ ပိမိနေသောကြောင့် အချိန်နှင့် တစ်ပြေးညီ ကယ်ထုတ်နေကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီး ယာဉ်ကြောပိတ်ဆို့မူ ဖြစ်ပေါ်နေသော ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ဦးဆောင်၍ အမြန်ဆုံး လမ်းပွင့်အောင် ဆောင်ရွက်နေကြောင်း သိရသည် ။
ခွန်(ဝင်းပ)