ဝါးခယ်မ  ၂၁  မေ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်အတွင်း မိုးတွင်းကာလ ရေကြီးရေလျံမှု မဖြစ်ပေါ် စေရေးအတွက် ရေနုတ်မြောင်းများအား စက်ယန္တရားများဖြင့် တူးဖော်ခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီက မြသိန်းတန်ရပ်ကွက် မြို့ရှောင်လမ်းထိပ်၌ ပြုလုပ်လျက်ရှိသည်။

 

112488

 

" အခုဆောင်ရွက်နေတာက မြို့ရှောင်လမ်းထိပ်ကနေ ရွှေခယ်ဧရာ အဝေးပြေးကားကွင်းအထိ ပေ ၁၂၀ဝ ကျော်လောက်ရှိမယ်။ ဒါကလည်း အဓိက ရေဝင်ရေထွက်ပေါက်လည်း ဖြစ်တယ်။ အရင်က ချုံနွယ်တွေနဲ့ ပြည့်နေတာ။ အခုက မြို့ကအထွက်ဆို လက်ယာဘက်ခြမ်းက ဆောင်ရွက်ပြီးသွားပြီ။ ကျန်တဲ့ လက်ဝဲဘက်အခြမ်းကို ဆက်လက် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ မြို့ပေါ်ရပ်ကွက်တွေမှာ  ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေတာ ရာခိုင်နှုန်း အနေနဲ့ဆို ၇၅ ရာခိုင်နှုန်း လောက် ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ အဓိကရေထွက်ပေါက်တွေနဲ့ ဆက်သွယ်တဲ့ ရေနှုတ်မြောင်း လေးတွေ အနည်းငယ်သာ ကျန်တော့တယ်။ လူအင်အား၊ စက်အင်အားတွေနဲ့ မိုးမကျမီ အပြီးသတ် ဆောက်ရွက်သွားမှာပါ " ဟု မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုးက ပြောသည်။

 

လွှမ်းသီဟ (ပြန်/ဆက်)