(၂၀၂၀ ပြည့်နှစ်၊ မေလ ၂၁ ရက်)
(မြန်မာစံတော်ချိန်(၁၄:ဝ၀)နာရီအချိန်ထုတ်ပြန်ချက်)
မုန်တိုင်းငယ် (Depression) အခြေအနေ
၁။ (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ဘိုဂူရမြို့ (Bogura) အနီးမှ ဖြတ်ကျော်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အမ်ဖန် (AMPHAN)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မုန်တိုင်းငယ် (Depression)အဖြစ်သို့ အားလျော့သွားခဲ့ပါသည်။ အဆိုပါမုန်တိုင်းငယ် (Depression) သည် အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး၊ ယနေ့ညနေပိုင်းတွင် တစ်ဖြည်းဖြည်း အားပျော့ပျက်ပြယ်သွားမည်ဟု ခန့်မှန်းရပါသည်။
(ခ) ယခုသတင်းသည် စူပါဆိုင်ကလုန်းမုန်တိုင်း(Super Cyclonic Storm)အမ်ဖန်(AMPHAN) အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံး သတင်း ဖြစ်ပါသည်။
မိုးဇလ


