၂၁ မေ
ကိုရိုနာဗိုင်းရပ်စ် မပျံ့ပွားရေးအတွက် နှစ်လကြာ ပိတ်ထားတဲ့ အိန္ဒိယနိုင်ငံအတွင်း လေကြောင်းခရီးစဉ်တွေကို မေ ၂၅ ရက်မှာ ပြန်လည်ပြေးဆွဲမယ်လို့ လေကြောင်းဝန်ကြီး က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
ခရီးသည်ပေါင်း ၁၄၄ သန်း နဲ့ ကုန်တင်ရန်အတွက် ပြေးဆွဲပေးနေတဲ့ ပြည်တွင်းလေကြောင်း ခရီးစဉ်တွေကို မတ်လ ၂၅ ရက်က ရပ်နားခဲ့တာဖြစ်ပါတယ်။
ပြည်တွင်းလေယာဉ်ခရီးစဉ်တွေဟာ မေလ ၂၅ ရက်မှာ စတင်ပြေးဆွဲမှာ ဖြစ်ပေမယ့် နိုင်ငံခြားခရီးစဉ်တွေ ဘယ်အချိန် ပြန်လည်ပြေးဆွဲမယ်ဆိုတာကိုတော့ ဝန်ကြီးက ပြောဆိုခြင်းမရှိပါဘူး။
မြို့ကြီးများနဲ့ မြို့ငယ်လေးတွေကို အသွားအပြန် ပြေးဆွဲပေးမယ့် ရထားခရီးစဉ်ပေါင်း ၁၀၀ ကို ဇွန် ၁ ရက်နေ့ကစပြီး ပြန်လည်ပြေးဆွဲပေးမှာဖြစ်ရာ ရထားလက်မှတ်တွေကို မေ ၂၁ ရက်စပြီး အွန်လိုင်းကနေ စတင်ဝယ်နိုင်ကြောင်း အိန္ဒိယမီးရထားဌာနက ကြေညာထားပါတယ်။
အခုကြေညာချက်တွေဟာ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၅,၆၁၁ ဦး ကူးစက်ခံရတဲ့နေ့မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာစုစုပေါင်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၀၆, ၇၅၀ ဦးရှိပြီး သေဆုံးသူ ၃,၃၀၀ ဦး ရှိကြောင်း သိရပါတယ်။
စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးဒဏ် အခံရဆုံးမြို့ဖြစ်ပြီး သေဆုံးသူတွေရဲ့ လေးပုံတစ်ဟာ မွမ်ဘိုင်းမြို့ကဖြစ်ကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP