၂၁ မေ 

တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားရေးအတွက် အသွားအလာပိတ်ဆို့ ကန့်သတ်မှုတွေကြောင့် အခက်အခဲတွေ တွေ့လာရပါတယ်။ ဖရီတိုးရီးယားမြို့မှာ အခက်အခဲရှိနေတဲ့ လူတွေကို အကူအညီပေးရန်အတွက် အစားစာတွေ၊ မျက်နှာဖုံးတွေ၊ ဆပ်ပြာတွေနဲ့ လက်သန့်ဆေးရည်တွေပါ ဝေငှနေတဲ့အတွက် ထောင်ချီသောင်းချီတဲ့ လူတွေကို နံနက်စောစောအချိန်က စပြီး တန်းစီနေတာကို တွေ့ရတာဖြစ်ပါတယ်။ 

အာဖရိကနိုင်ငံတွေထဲမှာ တောင်အာဖရိကနိုင်ငံဟာ ကိုရိုနာဗိုင်းပိုးကူးစက်ခံရသူ အများဆုံးဖြစ်ပြီး မေ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ ၁၈,ဝ၀၃ ဦးရှိပြီး ၃၃၉ ဦး သေဆုံးခဲ့ကြောင်း အေအက်ဖ်ပီသတင်းမှာ ဖော်ပြထားပါတယ်။ 

MDN ကိုးကား- AFP