၂၁ မေ
လက်တင်အမေရိက နိုင်ငံတွေရဲ့မြို့တော်တွေမှာ တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေရေး စည်းမျဉ်းကို ဖော်ဆောင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေပါတယ်။
ကိုလံဘီယာနိုင်ငံမြို့တော် ဘိုဂိုတာမြို့နဲ့ အာဂျင်တီးနားနိုင်ငံမြို့တော် ဘရူနို အဲရိစ် မြို့တွေပါ အပါအဝင် မြို့တော်တွေမှာ စက်ဘီးလမ်းနဲ့ လူသွားလမ်းတွေရဲ့ အကျယ်အဝန်းတွေကို တိုးချဲ့ဆောင်ရွက်နေတာကို တွေ့ရပါတယ်။
ဘိုဂိုတာရဲ့ ရွေ့လျားရေးဆိုင်ရာဝန်ကြီးက ကျန်းမာရေး အရေးပေါ်အခြေအနေကလူတွေ တစ်ခုခုလုပ်ဆောင်ဖို့ အခွင့်အရေးဖန်တီးပေးရာရောက်တယ်။
လက်တင်အမေရိက နိုင်ငံများတွင် လူအများစုဝေးရာနေရာတွေမှာ ခပ်ခွာခွာနေရေးကို လုပ်ဆောင်မှုတွေပြုလုပ်နေပြီဖြစ်တယ်။ ဘိုဂိုတာမှာ ၁၅ ရာခိုင်နှုန်းသော ခရီးစဉ်တွေဟာ ပုဂ္ဂလိကယာဉ်တွေ အသုံးပြုပြီး ၈၅ ရာခိုင်နှုန်းသော ခရီးစဉ်တွေဟာ အများသုံး ယာဉ်တွေကို အသုံးပြုကြောင်း ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် လူနေထူထပ်တဲ့ မြို့ပြတွေနဲ့ လူဦးရေကြပ်သိပ်တဲ့ အများသုံးယာဉ်တွေ စီမံခန့်ခွဲရေးအတွက် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။
MDN ကိုးကား - AFP