နေပြည်တော်  ၂၁  မေ 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် အသင်းသားများ၏ ဆန္ဒနှင့်အညီ ယောအားမာန် မျိုးစေ့ထုတ်လုပ်ရေး သမဝါယမအသင်းကို ဖွဲ့စည်းပြီး မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိရာ သန့်စင်ပြီး မျိုးစပါး အိတ်များကို မြို့နယ်သမဝါယမအသင်းစုကုန်စုံဆိုင်တွင် သိုလှောင်ထားရှိပြီး စိုက်ပျိုးရာသီအမီ အချိန်နှင့်တစ်ပြေးညီ မျိုးစေ့ချစိုက်ပျိုးနိုင်ရန်အတွက် စံချိန်သစ်လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၊ ဂဠုန်မင်း လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းတို့၏ အသင်းသား တောင်သူများ လက်ဝယ်သို့ မျိုးစပါးများ ဖြန့်ဖြူးပေးလျက်ရှိသည်။ 

သမဝါယမအသင်းများအပြင် အခြားတောင်သူလယ်သမားများမှ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဝယ်ယူလိုပါက မြို့နယ်သမဝါယမအသင်းစုထံသို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်