နေပြည်တော် ၂၁ မေ
မြန်မာအမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် (၁ဝ)နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ ခိုက်တွေကျေးရွာနေ မအေးနေ (ဘ) ဦးပူကျောင်းနှင့် မအေးလွတ် (ခ)မအေးခို(ခ) မယ်အိုက်ဆင်း (ဘ)ဦးပေါ်အိုက်ဖက် တို့သည် မိုင်းရယ်မြို့နယ်၊ မိုက်ဟုန်းကျေးရွာနေ မxxx ၊ ၂၅ နှစ်အား တရုတ်နိုင်ငံရှိ ဈေးဆိုင်တွင် သွားရောက် အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ကျပ်(၁၅ဝဝဝဝိ/−)ရမည်ဟု လိမ်လည်စည်းရုံး၍ တရုတ်နိုင်ငံ၊ မိန်းတိန်မြို့ရှိ တရုတ်အမျိုးသားတစ်ဦးထံသို့ ယွမ် (၄၀ဝ၀ဝ)ဖြင့် ရောင်းစားခဲ့ပြီး အကျိုးအမြတ်ရယူခဲ့ကြသဖြင့် မိုင်းရယ်မြို့မရဲစခန်း (ပ)၂၈/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ-၂၄/၃၂ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး လားရှိုးခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မေ ၁၉ ရက်တွင် တရားခံ မအေးနေနှင့် မအေးလွတ် (ခ) မအေးခို (ခ) မယ်အိုက်ဆင်း တို့ (၂)ဦးအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ-၂၄/၃၂ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်