(၂၁-၅-၂၀၂၀) ရက်နေ့၊ ည (၈:ဝ၀)နာရီ

၁။ (၂၁-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၁၆၀)ခုနှင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၁၈၈) ခု၊ စုစုပေါင်း (၃၄၈) ခုတို့ကို စစ်ဆေးပြီးစီးခဲ့ရာ -

 

‌ေ

 

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရပါ။

 

‌ေ

 

၂။ (၂၁-၅-၂၀၂၀) ရက်နေ့၊ ည (၈:ဝ၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၉၉) ဦး ရှိပါသည်။

၃။ (၂၁-၅-၂၀၂၀) ရက်နေ့အထိ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာ များတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၁၀၈)ဦး ရှိပါသည်။ ၎င်းတို့အနက် (၁၀၁)ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက် ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆) ဦး ရှိပါသည်။

၅။ (၂၀-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:ဝ၀) နာရီမှ (၂၁-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:ဝ၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၃၈) ဦး ရှိပါသည်။

Ref:ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန