ရေစကြို ၂၁ မေ
ရေစကြိုမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်းနှင့် လူငယ်လုပ်ငန်းအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက မြေဖြူကျင်းကျေးရွာအုပ်စု၊ ကမ္မတောကျေးရွာသို့ သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ကမ္မတောကျေးရွာရှိ အိမ်ခြေ ၁၇၀၊ အိမ်ထောင်စု ၁၇၇၊ လူဦးရေ ၈၄၁ ဦးအတွက် ကျေးရွာနေ ပြည်သူများ သောက်သုံးရေ အခက်အခဲမရှိစေရန် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ရေလှောင်ကန်၌ ရေဂါလန် ၃၆၀ဝ ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
နွယ်နွယ်အောင်(ပြန်/ဆက်)


