ပင်လောင်း  ၂၁  မေ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့ပေါ် ရပ်ကွက်အတွင်းရှိ ပြည်သူလူထု များထံ ဟင်းသီးဟင်းရွက်မျိုးစေ့များ ဖြန့်ဝေပေးလျက်ရှိသည်။

 

‌ေ

 

ထိုသို့ဖြန့်ဝေခြင်းကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူဖြစ်စေရန်နှင့် ပြည်သူများ မိမိတို့ရဲ့အိမ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းအားဖြင့် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို အလွယ်တကူ ခူးဆွတ်စားသုံးနိုင်မှာ ဖြစ်သည့်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဟင်းသီးဟင်းရွက် သီးနှံမျိုးစေ့များကို မင်္ဂလာကွက်သစ်ရပ်ကွက်၊ အရှေ့ရပ်ကွက်နှင့် အနောက်ရပ်ကွက်ရှိ ပြည်သူလူထုများထံ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခွန်အာကာစိုး