နေပြည်တော်  ၂၁  မေ

အရွယ်မရောက်သေးသူ မြန်မာမိန်းကလေးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်စီ ကျခံစေရန် လားရှိုးခရိုင် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ ကွမ်းလုံမြို့နယ်၊ ကန်မိုင်းရွာနေ ဝမ်လော်ဆန်း(ခ) ဝမ်ဖာချီ၊ (ဘ) ဦးဝမ်ရှောင်မီနှင့် လားရှိုးမြို့နယ်၊ မန်ကောင်းကျေးရွာနေ အိုက်မွန်း (ဘ) ဦးလွန်းငို တို့သည် ကွမ်းလုံမြို့နယ်၊ သိန်းတန် ကျေးရွာနေ မxxx ၊ ၁၃ နှစ်အား တရုတ်နိုင်ငံတွင် ကလေးထိန်းအလုပ်ရမည်ဟု လိမ်လည်စည်းရုံး၍ တရုတ်နိုင်ငံ၊ မိန်းတိန်မြို့ရှိ တရုတ်အမျိုးသားတစ်ဦးထံသို့ ယွမ်(၃၄၅၆၀) ဖြင့် ရောင်းစားခဲ့ပြီး အကျိုးအမြတ် ရယူခဲ့ကြသဖြင့် လားရှိုးနယ်မြေရဲစခန်း(ပ)၂/၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၂၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး လားရှိုးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မေ ၂၀ ရက်တွင် တရားခံ ဝမ်လော်ဆန်း(ခ) ဝမ်ဖာချီနှင့် အိုက်မွန်းတို့အား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ-၂၄ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

သတင်းစဉ်