မန္တလေး၂၂ မေ
တက္ကသိုလ်ဝင်တန်း စာမေးပွဲအဖြေ လွှာများကို ဇွန်လဆန်းပိုင်းတွင် စစ်ဆေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ရုံးမှ သိရသည်။
“လက်တလော ဆယ်တန်း စာစစ်အတွက်ကတော့ Code တွေ ကို စပြီး ဒီအပတ်ထဲမှာ ခေါက် တယ်။ နောက်ပြီး စာစစ်ဖို့အစီအစဉ် ကိုတော့ ဇွန် ၃ ရက်မှာ သတင်းပို့၊ ဇွန် ၄ ရက်မှာ အမှတ်ပေးစည်းမျဉ်း ကို ရှင်းပြီး ဇွန် ၅ ရက်ကနေ ၁၆ ရက်အထိ စစ်မယ်ဆိုတဲ့ ယေဘုယျ အချိန်ဇယားလေးကို သိထားရပါတယ်။ စာစစ်ပြီးတာနဲ့ အောင်စာရင်းထုတ်နိုင်မယ့်ကိစ္စကို အမြန်ဆုံး ဆောင်ရွက်ပေးမှာပါ။ ဆယ်တန်းအောင်စာရင်းပြီးမှပဲ ကျောင်းတွေဖွင့်မယ့် ကိစ္စတွေက စမ်းသပ်ကာလကို ရောက်မှာပါ။ ကျောင်းဖွင့်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး တော့လည်း ဒီနှစ်ကတော့ နွေရာသီ ကျောင်းပိတ်ရက်နဲ့ ကိုဗစ်ကာလနဲ့က တိုက်ဆိုင်နေတာပေါ့။ တကယ် အမှန်တိုင်း ပြန်ဖွင့်ရမှာက ဇွန် ၁ ရက်ပေါ့။ ကိုဗစ်-၁၉ ရောဂါ ကြောင့် ကျောင်းဖွင့်မယ့်ရက်တွေ က တဖြည်းဖြည်းနောက်ဆုတ်ထား တယ်။ ဘယ်အချိန်မှာ ဖွငေ့်ရမယ် ဆိုတဲ့ ညွှန်ကြားချက်ကို စောင့်နေ တယ် ”ဟု မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (ပညာ)ဦးစိုးလွင်က ပြောသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ များကို မတ် ၁၁ ရက်မှ မတ် ၂၀ ရက် အထိကျင်းပခဲ့ရာ မြန်မာတစ်နိုင်ငံလုံး အနေဖြင့် တက္ကသိုလ်ဝင်တန်း ဖြေဆို သူဦးရေ ၉၁၀၂၇၃ ဦး ဖြေဆို ခဲ့ကြောင်း အခြေခံပညာဦးစီးဌာန၏ ထုတ်ပြန်ချက်များမှ သိရသည်။
ထိပ်ထားနိုင်


