၂၂ မေ

အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့ သုံးရက်တိတိ အလံတစ်ဝက်လွှင့်ထူရန် သမ္မတထရန့် ကြာသပတေးနေ့က အမိန့်ထုတ်လိုက်ကြောင်း သိရပါတယ်။

 

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူ သိန်းဂဏန်းဆီကို ချည်းကပ်စဉ် ဒီမိုကရက်ပါတီက အလံတစ်ဝက်လွှင့်ဖို့ တောင်းဆိုအပြီး အခုထုတ်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။  သမ္မတထရန့်က အစိုးရအဆောက်အအုံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသွားသူ တွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ သုံးရက်တိတိ အလံတစ်ဝက်လွှင့်ထူမယ်။ တနင်္လာနေ့မှာတော့ နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ အမေရိကန် စစ်သားတွေအား ဂုဏ်ပြုတဲ့ အောက်မေ့ခြင်းနေ့အတွက် ဆက်လက်ပြီး အလံတစ်ဝက်လွှင့်ထူဖို့ ရီပါပလစ်ကန် သမ္မတ ဒေါ်နယ်ထရန့်က တွစ်တာမှာ ရေးသားထားပါတယ်။

 

အမေရိကန်နိုင်ငံမှာ သေဆုံးသူအရေအတွက် သိသိသာသာနည်းသွားတာမျိုး မရှိသေးတာကို တွေ့ရပါတယ်။ မေ ၂၂ ရက်နေ့အထိ သေဆုံးသူဟာ ၉၆,၃၅၄ ဦးရှိရာ အောက်မေ့ခြင်းနေ့  ရုံးပိတ်ရက်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တစ်သိန်းအထိ ဖြစ်သွားနိုင်ခြေရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။

 

အောက်လွှတ်တော်ဥက္ကဋ္ဌနဲ့ ထိပ်တန်း အထက်လွှတ်တော် အမတ်တို့က သမ္မတထရန့်ဆီကို စာရေးသားရာမှာ နိုင်ငံရဲ့သူရဲကောင်းတွေနဲ့အတူ ကပ်ရောဂါအတွင်းမှာ ကွယ်လွန်သွားတဲ့ အမေရိကန် နိုင်ငံသားတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြသဖို့ အချိန်ကောင်းဖြစ်တယ်လို့ ရေးသားထား ပါတယ်။

 

ဒီသီတင်းပတ်အတွင်း  အမေရိကန်နိုင်ငံမှာ နေ့စဉ် လူ ၁,၃၀၀ နီးပါး ကပ်ရောဂါကြောင့် သေဆုံးနေတာကို တွေ့ရပါတယ်။

MDN
ကိုးကား - AFP