၂၂ မေ
အမေရိကန်ပြည်ထောင်စုအနေဖြင့် ကိုဗစ်-၁၉ ဒုတိယလှိုင်းဖြစ်ပေါ်လာခဲ့လျှင် တိုင်းပြည်ကို ပိတ်ထားမည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ယမန်နေ့က ပြောကြားခဲ့သည်။
မီချီဂန်ပြည်နယ်ရှိ စက်ရုံတစ်ခုသို့ သွားရောက် လှည့်လည်ကြည့်ရှုစဉ်အတွင်း ကိုဗစ်-၁၉ ဒုတိယလှိုင်းနှင့် ပတ်သက်ပြီး စိုးရိမ်မှုများ ရှိသလားဟု သတင်းထောက်များ၏ မေးမြန်းမှုကို ထရန့်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အမြဲတမ်းပိတ်ပင်ထားရန် မဖြစ်နိုင်ကြောင်းနှင့် တိုင်းပြည်ကို ပိတ်ပစ်ရန် ရည်ရွယ်ချက်မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
တိုင်းပြည်ကို ပိတ်ပင်ထားခြင်းမှာ ပြည်သူများအတွက် ဘေးဆိုးများကို ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ပြည်သူများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန် လည်ပတ်နေသည့် စီးပွားရေးလုပ်ငန်းများ ရှိသင့်ကြောင်း ထရန့်က ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် ၅၀ လုံး၏ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်နှင့် စီးပွားရေး လုပ်ငန်းများအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ရန် ရည်ရွယ်ပြီး ကန့်သတ်ချက်များ ဖြေလျော့ရန် စတင်ကြေညာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆောင်းရာသီ သို့မဟုတ် ဆောင်းရာသီအစတွင် ကိုရိုနာဗိုင်းရပ်စ်မှာ တစ်ကျော့ပြန် ပြန်လည် ခေါင်းထောင်လာပြီး ကူးစက်နိုင်ခြေရှိကြောင်း ကျန်းမာရေးကျွမ်းကျင်သူများက သတိပေးထားလျက် ရှိသည်။
ကိုဗစ်-၁၉ကြောင့် အမေရိကန်ပြည်ထောင်စုတွင် ၁ ဒသမ ၅ သန်းကျော် ကူးစက်ခံခဲ့ရပြီး အိမ်အတွင်း သေဆုံးမှုပေါင်း ၉၀ဝ၀ဝကျော် ရှိခဲ့သည်ဟု ဆိုသည်။
လာမည့်ဇွန်လအတွင်း၌လည်း အမေရိကန်ပြည်ထောင်စုတွင် ဗိုင်းရပ်စ်ကြောင့် ကူးစက်ခံရသူဦးရေ ၁၀ဝ၀ဝ၀အထိ ကူးစက်ခံရနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာများက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်