ဇီးကုန်း  ၂၂  မေ

 

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီတွင် ဇီးကုန်းမြို့နယ် အတွင်းတွင် သစ်မျိုးစုံပျိုးပင်ပေါင်း ၃၅၀ဝ၀ ခန့် ဖြန့်ဝေစိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

 

“မြန်မာနိုင်ငံ သစ်တောများ ပြန်လည်စိမ်းလန်းစိုပြေသာယာရေးအတွက် လူထုဖြန့်ပျိုးပင် ၃၅၀ဝ၀ ခန့်ကို ဖြန့်ဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ တစ်ရွာတစ်ဧက၊ တစ်အိမ်ထောင် ကျွန်းသုံးပင်၊ တစ်အိမ်ထောင် သစ်မာ နှစ်ဆယ် ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင် စိုက်ပျိုးထားသော အပင်များကို မိမိကိုယ်ပိုင်အသုံးပြု၍ လိုအပ်သော ထင်း၊ မျောတိုင်များအဖြစ် အသုံးပြုနိုင်ရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးကို အထောက်အကူ ပြုနိုင်ရေးအတွက် ဖြန့်ဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း” ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးခင်မောင်စိုးက ပြောသည်။

 

ယခုအခါ ကျွန်း၊ ပျဉ်းကတိုး၊ သင်းဝင်၊ မန်ဂျန်ရှား၊ မဟောဂနီ စသည့်ပျိုးပင်များကို ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာန ကျေးလက်အိမ်ယာထူထောင်ရေးနှင့် လူထုဖြန့် ပျိုးဥယျာဉ်တွင် (၁၅၀ဝ၀)ခန့်နှင့် ဘော်ဘင်ကျေးရွာရှိ သစ်တောဦးစီးဌာန ယာယီပျိုးဥယျာဉ်တွင် ပျိုးပင် (၂၀ဝ၀ဝ)ခန့်ကို ပြုစုပျိုးထောင်ထားလျက်ရှိပြီး ဇွန်လ ပထမပတ်မှစတင် ဖြန့်ဝေစိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။

 

တင့်ဆွေ(ဇီးကုန်း)

 

mdn