ကျုံပျော်  ၂၂   မေ   

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် မေ ၂၁ ရက်ညနေက ကားလမ်းဘေးမြေကာ ကျောက်တိုင်အား ဆိုင်ကယ်ဝင်ရောက်တိုက်မိပြီး လူတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မလှပန်းကျေးရွာအုပ်စု၊ မိုးကြိုးပစ်ကျေးရွာလမ်း ၁၃-၁၄ ကီလိုမီတာကြားတွင် ညနေ ၅ နာရီ မိနစ် ၂၀ အချိန်က မြို့ချောင်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာနေ ဦးထွန်းထွန်း (၄၁) နှစ် မောင်းနှင်ပြီး၊ နောက်မှ ဦးဖိုးလပြည့် စီးနင်းလိုက်ပါလာသော ဆိုင်ကယ်က လမ်းဘေးမြေကာကျောက်တိုင် (ဖြူနီကျား)အား ဝင်ရောက်တိုက်မှုဖြစ်ပွားခဲ့သည်။

 

အဆိုပါ တိုက်မိမှုကြောင့် ယာဉ်မောင်းဖြစ်သူမှာ ဦးခေါင်းတွင် ဒဏ်ရာများရရှိခဲ့ပြီး  သေဆုံးခဲ့ကြောင်း၊ နောက်မှ စီးနင်းလိုက်ပါလာသူမှာလည်း ဦးခေါင်း ဒဏ်ရာ ရရှိခဲ့သဖြင့် ရေစခန်းဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

 

နေဝင်းမြင့် (ပြန်/ဆက်)