တီးတိန် ၂၂ မေ
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်ပြည်သူ ၃၃ ဦး သည် မေ ၂၂ ရက်နေ့တွင် ရိဒ်နယ်စပ်ဂိတ်မှ ချင်းပြည်နယ်၊ တီးတိန်မြို့သို့ ရောက်ရှိပြီး FBBC ဓမ္မသင်တန်းကျောင်း၌ Facility Quarantine ခံယူမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဓမ္မသင်တန်းကျောင်းအား Facility Quarantine Center အဖြစ် လျာထားခဲ့ပြီး တီးတိန်မြို့ စေတနာ့လူငယ် အဖွဲ့မှ တာဝန်ရှိသူတို့က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)


