သရက်ချောင်း  ၂၂   မေ

 

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ပန်းတောရပ်ကွက် မြိတ်−ထားဝယ်ကား လမ်း မိုင်တိုင်အမှတ်(၁၈/၁) နှင့် (၁၈/၂) အကြား၌ မေ ၂၁ ရက်နေ့ ည ၇ နာရီက ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်ရာ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ထားဝယ်ဘက်မှ မြိတ်ဘက်သို့ သန်းဦး မောင်းနှင်သော ဆိုင်ကယ်နှင့် မြိတ်ဘက်မှ−ထားဝယ်ဘက်သို့ ရဲနိုင် မောင်းနှင်သော ဆိုင်ကယ် တို့သည် အထက်ပါနေရာ အရောက်တွင်  အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ရာ ရဲနိုင် မှာ ဖြစ်ပွားသည့် နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး သန်းဦးမှာ ဒဏ်ရာရရှိခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ် မဆင်မခြင်မောင်းနှင်သူ သန်းဦးနှင့်ရဲနိုင်(သေဆုံး)သူတို့အား သရက်ချောင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

မျိုးချစ်ဦး(ပြန်/ဆက်)