၂၂ မေ

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် လေကြောင်းလိုင်းတွေ အရှုံးပေါ်နေပေမယ့် စပိန်နိုင်ငံရဲ့ အရှေ့ပိုင်းရှိ ထယ်ရယ် လေဆိပ်မှာတော့ စီးပွားဖြစ်နေတာကို တွေ့ရပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ ကွင်းပြင်ကြီးကို ပိုင်ဆိုင်ထားတဲ့  ထယ်ရယ်လေဆိပ်မှာ လေယာဉ်ထိန်းသိမ်းပြုပြင်ရေးနဲ့ အချိန်အကြာကြီး လေယာဉ် ရပ်နားထားရန် ခွင့်ပြုတဲ့ ဝန်ဆောင်မှုတွေ လုပ်ဆောင်နိုင်ကြောင်း သိရပါတယ်။

 

အဲဒီလို လေယာဉ်တွေရပ်နားထားစဉ်မှာ ပြင်ဆင်ရေးတွေနဲ့ ပြန်လည်အသုံးပြုရေး (recycling) တွေကို လုပ်နိုင်တာဟာ သတင်းကောင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ပြင်ဆင်ရေးတွေလုပ်တဲ့ လုပ်ငန်း အနေနဲ့တော့ စီးပွားဖြစ်တယ်လို့ ပြောရမှာပါ။ သူတို့ရဲ့ ဖောက်သည်လေကြောင်း ကုမ္ပဏီကို လေယာဉ်ပြုပြင်ထိန်းသိမ်းရေးကို လုပ်ဆောင်ပေးနေပါတယ်လို့ ထယ်ရယ် လေဆိပ်မှ မန်နေဂျာက ပြောပါတယ်။

 

ဧပြီ ၂၅ ရက်နေ့မှာ ပြင်သစ်လေကြောင်းလိုင်းက A380 လေယာဉ်တစ်စင်း၊  နောက် လုဖ်ဟန်ဆာ လေကြောင်း လိုင်း က A380 လေယာဉ် ၇ စင်း၊ နောက် A380 လေယာဉ် ၉ စင်းရှိကြောင်း ပြောပါတယ်။

 

ဗိုင်းရပ်စ်ပိုး မပျံ့ခင် ပြင်ဆင်ဖို့အတွက် လေယာဉ် ၇၈ စင်း လက်ခံခဲ့ပြီး  အခုချိန်မှာ  ၉၈ စင်း လက်ခံထားကြောင်း တစ်လအတွင်း ၁၂၅ စင်း ပြင်ဆင်နိုင်ဖို့ မျှော်လင့်ကြောင်း ဆက်ပြောပါတယ်။

 

၂၀၁၃ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ အဲဒီလေဆိပ်ကွင်းကြီးဟာ ဧက ၈၄၀ ပေါ်မှာတည်ဆောက်ထားတာဖြစ်ပြီး လေယာဉ်အစင်း ၁၀၀ လောက် လက်ခံနိုင်ကြောင်း သိရပါတယ်။ ဖွင့်လှစ်ချိန်ကစပြီး အခုလောက် လေယာဉ်တွေ လက်ခံပြုပြင်ခဲ့ပေးခြင်း မရှိသေးကြောင်း တာဝန်ရှိသူတွေရဲ့ အပြောအရ သိရပါတယ်။

MDN
ကိုးကား - AFP