၂၂ မေ
ဗြိတိန်နိုင်ငံရှိ ကိန်းဘရစ်ချ်တက္ကသိုလ်မှ လူကိုယ်တိုင် စာသင်ခန်းမအတွင်း စာသင်ကြားနိုင်ခွင့်ကို လာမယ့်နှစ် နွေရာသီမှ ပြန်လည်ပြုလုပ်သွားမယ်လို့ ဗုဒ္ဓဟူးနေ့ ကျောင်းရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
ဗြိတိန်နိုင်ငံက တက္ကသိုလ်တွေထဲမှာ ကိန်းဘရစ်ချ်တက္ကသိုလ်ဟာ စက်တင်ဘာမှ စတင်မယ့် ပညာသင်နှစ် နဲ့ပတ်သတ်တဲ့ အစီအစဉ်ကို ပထမဉီးဆုံး ထုတ်ပြန်တဲ့ ကျောင်းဖြစ်ပါတယ်။
တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ပတ်သတ်ပြီး ထွက်ပေါ်လာတဲ့ ပြောင်းလဲမှုတွေနဲ့ လိုက်လျောညီထွေတဲ့ အကြံပြုချက်တွေကို အစဉ်တစိုက် လိုက်နာနေကြောင်း၊ တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေရေး စည်းမျဉ်း အရ လာမယ့် ပညာသင်နှစ်အတွက် ကျောင်းသားနဲ့ ဆရာ မျက်နှာချင်းဆိုင် သင်ကြားရေး မလုပ်သေးကြောင်း ပါရှိပါတယ်။
အွန်လိုင်းကနေ သင်ခန်းစာ သင်ယူနိုင်ခွင့်ကို ပြီးခဲ့ တဲ့ မတ်လက စတင်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး အွန်လိုင်းသင်ခန်းစာတွေနဲ့ သင်ကြားသွားမှာဖြစ်ပါတယ်။ လူအုပ်စုနည်းနည်းနဲ့ သင်ကြားရေး အစီအစဉ် ကိုတော့ခွင့်ပြုထားပြီး အဲဒီ အစီအစဉ်မှာ ခပ်ခွာခွာရှိနေရေး စည်းကမ်းကိုတော့ လိုက်နာရမှာဖြစ်ကြောင်း သိရပါတယ်။
စာမေးပွဲပါ အွန်လိုင်းကနေ ဖြေဆိုရမှာ လို့ သိရပါတယ်။ အခုဆုံးဖြတ်ချက်ဟာ ကျောင်းသားတွေ စာသင်ခန်းကို ဘေးကင်းလုံခြုံစွာ ပြန်သွားသင့် မသွားသင့် အငြင်းပွားနေစဉ်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အစိုးရက ဇွန် ၁ ရက်နေ့မှာ မူကြိုကျောင်းတွေတစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်ရေး စီစဉ်ထားပေမယ့် ဒေသဆိုင်ရာအုပ်ချုပ်အဖွဲ့တွေ နဲ့ သမဂ္ဂတွေရဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
MDN
ကိုးကား- AFP