၂၂ မေ
ဗြိတိန်နိုင်ငံကို ရောက်ရှိလာမယ့် နိုင်ငံတကာမှ ခရီးသွားတိုင်း ၁၄ ရက်တိတိ သီးခြားနေထိုင်ရ မှာဖြစ်ကြောင်း၊ နေထိုင်ဖို့ ပျက်ကွက်ခဲ့ရင် ဒဏ်ငွေ ပေါင် ၁,၀၀၀ ပေးဆောင်ရမှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ဒီနေ့ (သောကြာနေ့)မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဗြိတိန်နိုင်ငံကို လာရောက်မယ့်သူတိုင်း ကိုယ့်အစီအစဉ်နဲ့ ကိုယ် ၁၄ ရက်တိတိ သီးသန့် ခွဲခြားနေထိုင် သွားရမှာဖြစ်တဲ့အတွက် အဲဒီအစီအစဉ်တွေကို ပြင်ဆင်လာဖို့လိုအပ်ကြောင်း သိရပါတယ်။
ဗြိတိန်နိုင်ငံသားတွေက နိုင်ငံကို ပြန်လာတဲ့အခါ သူတို့ရဲ့နေအိမ်တွေမှာ ၁၄ ရက်တိတိ သီးသန့် ခွဲခြား နေထိုင်ရမှာဖြစ်ပြီး လာရောက်လည်ပတ်သူတွေအတွက် အဲဒီလို နေထိုင်ရေးအစီအစဉ်ကို ပြင်ဆင်လာရမှာ ဖြစ်ပါတယ်။ အခုပြဋ္ဌာန်းမယ့် စည်းမျဉ်း ကို ဇွန်လမှ စတင်မှာဖြစ်ပြီး အသေးစိတ်ကို ဒီနေ့ ဝန်ကြီးချုပ်နေအိမ်မှာ ပြောကြားမှာဖြစ်ပါတယ်။
ပြဋ္ဌာန်းချက်တွေကို သီတင်း ၃ ပတ် တိုင်းပြန်လည် လေ့လာသွားမှာ ဖြစ်ပါတယ်။
ဒီနေ့ထုတ်ပြန်တဲ့ မူဝါဒကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ လုပ်ငန်းသဘောအရ နိုင်ငံကို အဝင်အတွက်ပြုလုပ် နေသူတွေ ကိုတော့ ခြွင်းချက်ပေးထားကြောင်း သိရပါတယ်။
အခုပြဋ္ဌာန်းမယ့် မူဝါဒမှာ အထူးသဖြင့် လေကြောင်းလိုင်းတွေအတွက် အငြင်းပွားစရာ ဖြစ်လာနိုင်ပါတယ်။
MDN
ကိုးကား- AFP