ဟင်္သာတ ၂၃ မေ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်ပြည်သူ့ ဆေးရုံကြီးအပါအဝင် တိုက်နယ်ဆေးရုံ များနှင့် ကျေးလက် ကျန်းမာရေးဌာန(၃)ခု တို့အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းသုံး အထောက်အကူ ပစ္စည်း များ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းက ပေးပို့လှူဒါန်းသည့် PPE ဝတ်စုံ(၅၅)စုံ၊ mask ခုရေ (၃၉၀၀) ၊ လက်အိတ်(၁၀၀)ခုပါ ဘူး(၂၀) ၊ ရေမလိုလက်သန့် ဆေးရည်(၅၀၀)မီလီပါ ဘူး (၇၀) ၊ ရေမလိုလက်သန့် ဆေးရည်(၄)လီတာပါ (၄၂)ပုံး၊ အရက်ပြန်(၅၀၀)မီလီ ပါ (၇၅)ဘူး၊ ကာဘော်လစ်ဆပ်ပြာ အတောင့် (၁၉၀)၊ အပူချိန်တိုင်းကိရိယာ(၁၁)ခု၊ Portable Speaker (၁)ခု တို့ကို တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးနှင့် ဟင်္သာတ မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တာဝန်ရှိသူများက ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် နိဗ္ဗာန်တိုက် နယ်ဆေးရုံ၊ ဒူးယားတိုက်နယ်ဆေးရုံ၊ ရှားခဲတိုက် နယ်ဆေးရုံ၊ ကြွက်ကျွန်းတိုက်နယ် ဆေးရုံ၊ တလုတ္ထော်တိုက်နယ်ဆေးရုံ၊ ဓမ္ဘီတိုက်နယ်ဆေးရုံ၊ ယုန်သလင်းကျေး လက်ကျန်းမာရေးဌာန၊ စစ်ကုန်း ကျေးလက်ကျန်းမာရေးဌာန၊ နတ်မော်ကျေးလက် ကျန်းမာ ရေးဌာန၊ ဟင်္သာတ မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအဖွဲ့နှင့် လက်ပံတန်းမြို့နယ် သရဝေါမြေနုကျွန်း ကျွန်းသာယာကျေးရွာ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ရေးအဖွဲ့များ လက်ဝယ်သို့ သွားရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)