နေပြည်တော်  ၂၃  မေ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ မေ ၂၂ ရက်က ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ ထွယ်ဆန်နှင့် ဖန်ခါးကုန်း IDP စခန်း (၂) ခုသို့ သွားရောက်၍ လက်သန့်ဆေးရည် (၂၆၈) ဘူး၊ ဆပ်ပြာ (၇၁၈)ခဲ၊ ထုံးအိတ်(၂၀)၊ အပူချိန်တိုင်း ကိရိယာ(၁)ခု၊ လက်ဆေးစင်(၃)ခု၊ အဝတ် Mask (၁၄၃၆)ခု၊ Hand Speaker (၂)ခုနှင့် ကိုဗစ်-၁၉ အသိပညာပေးအသံဖိုင် ထည့်သွင်းထားသော Memory Stick (၂)ခုတို့အား ထောက်ပံ့ပေးခဲ့ပြီး ယနေ့တွင် မံစီမြို့နယ်ရှိ နှစ်ခြင်းနှင့် ကက်သလစ် IDP စခန်း (၂)ခုသို့ သွားရောက်၍ လက်သန့်ဆေးရည် (၁၀၃၈)ဘူး၊ ထုံးအိတ်(၂၀)၊ ဆပ်ပြာ(၂၃၀၃)ခဲ၊ လက်ဆေးစင်(၉)ခု၊ အဝတ် Mask (၄၆၀၆)ခု၊ အပူချိန်တိုင်းကိရိယာ(၄)ခု၊ Hand Speaker (၂)ခု၊ ဗီနိုင်း(၂)ချပ်၊ အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၂)ခုတို့အား ထောက်ပံ့ခဲ့သည်။

 

အလားတူ မေ ၂၂ ရက်တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ရှိ (၃) ရပ်ကွက် ကာသိုလိပ် ဘုရားကျောင်း၊ ကာလိုင်(၁)၊ ကာလိုင် (၂) IDP စခန်း (၃) ခုသို့ သွားရောက်၍ အဝတ် Mask (၃၄၇၈) ခု၊ လက်သန့်ဆေးရည် (Hand gel) (၅၇၈)ဘူး၊ ဗီနိုင်း(၆)ချပ်တို့အား ထောက်ပံ့ခဲ့သည်။

 

ထို့အတူ မေ၂၁ ရက်တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ကျီးခေါင်းတောင်ကျေးရွာ၊ တောင်ကြီးရင်းကျေးရွာ၊ ကုန်းဘောင်ကျေးရွာ၊ ရေရှင်ကျေးရွာ၊ မြို့မကုသိနာရုံ ဘုန်းတော်ကြီးကျောင်း၊ ရက်ချောင်း၊ ကျေးရွာ၊ ပြားသုန်း၊ မြို့နယ်ခန်းမ၊ မဟာဝိဟာရ ဘုန်းတော်ကြီးကျောင်း၊ ဝိဇိတာရာမ ဘုန်းတော်ကြီးကျောင်း၊ မြို့ဦးဆုတောင်း ပြည့်ဓမ္မာရုံ၊ ပြည်ခြားကျေးရွာ၊ အ..က ကျောင်း၊ ငန်းတောင်ကျေးရွာ၊ ပေါက်တူးတောင်၊ စက်ခွေကျေးရွာ၊ သပြေ တောကျေးရွာ၊ သရက်တောင်ကျေးရွာနှင့် မြေပုံမြို့နယ်ရှိ ရွှေဖောင်တော ဘုန်းတော်ကြီးကျောင်း၊ ရွာသစ်ကေ ဘုန်းတော်ကြီးကျောင်း၊ နရမ်းရွာကြီးဓမ္မာရုံ၊ နရမ်းအုပ်စု ဘုန်းတော်ကြီးကျောင်း၊ ပုညရာမ ဘုန်းတော်ကြီးကျောင်း၊ သေကန် ဘုန်းတော်ကြီးကျောင်း၊ အမ်းသားဘုန်းတော်ကြီးကျောင်း၊ သူဌေးကုန်း ဘုန်းတော်ကြီးကျောင်း၊ ပုလဲပေါက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ အိုင်ဝန်းကျေးရွာ၊ ဓမ္မရတနာကျောင်း၊ ဇေယျသုခကျောင်းတိုက်၊ ကေသလာချောင်းဝကျေးရွာ၊ ဓညဝတီကျောင်းတိုက်၊ မြရတနာကျောင်းတိုက်၊ စပါးထားကျေးရွာ၊ ဗုဒ္ဓကျေးဇူး ကျောင်းတိုက်၊ အလက (ခွဲ) စာသင်ကျောင်း၊ ဇီးပင်ကြီးဘုန်းတော်ကြီးကျောင်း၊ ကျွဲကြိုကျေးရွာ၊ ငှက်ရဲကောက် ကျေးရွာ ယာယီတိုက်ပွဲရှောင်စခန်း စုစုပေါင်း (၃၉) ခုတို့တွင် ဆပ်ပြာ (၂၀၁၅) တောင့်၊ ထုံးအိတ် (၃၁၀) နှင့် လက်ဆေးဘေစင် (၃၈) ခု ထောက်ပံ့ပေးခဲ့ပြီး  မေ ၂၂ ရက်တွင် ဘူးသီးတောင်မြို့နယ်ရှိ ရွှေသီး၊ ငဖရုံ၊ ဝါးနက်ရုံ၊ ဒုံးသိမ် ဓမ္မာရုံတို့ရှိ စုစုပေါင်း တိုက်ပွဲရှောင်စခန်း (၄)ခုတို့တွင် Surgical Mask (၄၀၃၀)၊ အပူချိန်တိုင်းကိရိယာ (၄)ခု၊ လက်သန့်ဆေးရည် (၁၃၉)ဘူး ၊ Hand Speaker (၄)ခု၊ အသိပညာပေးအသံဖိုင် ထည့်သွင်းထားသော Memory Stick (၄)ခု၊ ဗီနိုင်း(၄)ချပ်၊ လက်ဆေးဘေစင်(၅)ခု၊ ထုံးအိတ်(၁၈)အိတ်တို့အား ထောက်ပံ့ခဲ့သည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေး နှိုးဆော်ခြင်းလုပ်ငန်းများနှင့်   စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်