ပုလော ၂၃ မေ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ဗိုင်းပြင်ကျေးရွာတွင် ကျေးရွာရေပိုက်သွယ်တန်းခြင်းနှင့် ရေကန်တည်ဆောက်ခြင်း လုပ်ငန်းအား ယနေ့ နံနက်ပိုင်းက မြိတ်ခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လက်တူးတွင်းမှ အမြင့်ရေတင်၍ ကျေးရွာရေပိုက်သွယ်တန်းခြင်းနှင့် ရေကန်တည်ဆောက်ခြင်း လုပ်ငန်းအား မေလ ၂၃ ရက်နေ့ မြိတ်ခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ပုလောမြို့နယ် ဦးစီးမှူးနှင့် ခရိုင်/မြို့နယ်မှ အင်ယာဝန်ထမ်းများက ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် လက်တူးတွင်းမှ အမြင့်ရေတင်၍ ကျေးရွာရေပိုက်သွယ်တန်းခြင်း လုပ်ငန်းဖြစ်သော (၁)လက်မခွဲ ရေပိုက်ဖြင့် ပေ (၄၀၀၀) ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း၊ ကြဲကျေးရွာတွင် ရေဂါလံ (၅၀၀၀)ဆံ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း၊ ကျေးရွာရေပိုက်သွယ်တန်းခြင်း ပေ (၅၈၀၀) လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး အဆိုပါလုပ်ငန်းများအား မိုးမကျမီ လုပ်ငန်းများပြီးစီးရေး ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက မှာကြားခဲ့သည်။
ပုလောမြို့နယ်တွင် ကျေးရွာစီမံကိန်းရန်ပုံငွေနှင့် ဒေသခံပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေ သော ကျေးရွာ(၂၀)ရှိပြီး ယင်းကျေးရွာများတွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများသည် ကျေးရွာမှ ကော်မတီဝင်များကိုယ်တိုင် ဆောင်ရွက်ရသော သောက်သုံးရေရရှိရေး၊ လမ်းတံတားတည်ဆောက်ခြင်း၊ ရေပေးဝေရေးလုပ်ငန်းများ၊ ရေပိုက်သွယ်တန်းခြင်း များနှင့် ရေကန်တည်ဆောက်ခြင်းလုပ်ငန်းများဖြစ်ပြီး ပုလော မြို့နယ် ကျေးလက်ဒေသဦးစီးဌာနမှ လိုအပ်သောနည်းပညာများဖြင့် ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထူးဝေယံ(ပြန်/ဆက်)


