အိမ်မဲ  ၂၃  မေ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့တွင် အကျပ်အတည်းဖြစ်၍ ဆင်းရဲနွမ်းပါးသော အိမ်ခြေ ၇၀၀ အတွက် FCPN မှ ငွေကျပ် သိန်း ၇၀ အား ပြည်သူများလက်ဝယ်အရောက် လှူဒါန်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် FCPN မှ လှူဒါန်းပေးခြင်းကို နယ်စည်းမခြား စာနာသူများ ပရဟိတအဖွဲ့နှင့် We love yangon ပရဟိတအဖွဲ့တို့ ပူးပေါင်း၍ တစ်အိမ်ထောင်လျှင် ၁၀၀၀၀ ကျပ်စီ လှူဒါန်းပေးခြင်းအပြင် အဆိုပါအိမ်ခြေ (၇၀)အတွက် We love yangon အရှေ့ပိုင်းခရိုင်မှ တစ်အိမ်ထောင်လျှင် ကြက်သွန်နီ (၁)ပိဿာစီ လှူဒါန်းပေးကြောင်း သိရသည်။

 

အိမ်မဲမြို့တွင် ချောင်းဝပိုင်းရပ်ကွက်၊ အထက်ပိုင်းရပ်ကွက်၊ အိမ်မဲကြီးရပ်ကွက်၊ လယ်ပေါ်ရပ်ကွက်နှင့် စာချွန်ခံရပ်ကွက်များမှ အကျပ်အတည်းဖြစ်၍ ဆင်းရဲနွမ်းပါးသော ပြည်သူများအား မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ စိစစ်၍ ပြည်သူများလက်ဝယ်အရောက် ရပ်ကွက်အလိုက် လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)