မိုင်းယု ၂၃ မေ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ဆေးရုံသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ ညနေ ၃ နာရီခန့်က တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့မှ တတိယအကြိမ် ပေးအပ်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အထောက်အကူပြုပစ္စည်းများနှင့် အင်အားဖြည့် အစားအစာများ ပေးအပ်လှူဒါန်း ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး တိုင်းမှူးနှင့်အဖွဲ့က ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြု ဆေးရုံသုံးပစ္စည်း Surgical Mask (၂၀၀)ခု၊ OT Cap (၁၅၀)ခု၊ Face Sheild (၉၀) ခု၊ Sodium Hypo Chlorde (၁)ပုံး၊ ကြက်ဥအလုံး (၃၀၀)၊ ရွှေဖီဦးလက်ဖက်ရည် အထုပ်ကြီး (၂၀)ထုပ်နှင့် နန်းမြိုင်ကော်ဖီထုပ် (၅)ထုပ်တို့ကို ပေးအပ်လှူးဒါန်းရာ မိုင်းယုတိုက်နယ်ဆရာဝန်နှင့် လက်ထောက်တိုက်နယ်ဆရာဝန်တို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့သည် ဆေးရုံတက်လူနာများအား လှည့်လည်ကြည့်ရှု့၍ လူနာများကို နို့မှုန့်၊ ကုလားပဲနှင့် အာဟာရမုန့်များ ထောက်ပံ့ပေးအပ်ကာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)


