မုံရွာ ၂၄  မေ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး ဒေါ်တင့်တင့်(ခ) ဒေါ်ချူးချူးသည် ရွှေဘိုမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါပြီး ရွှေဘိုမြို့နယ် ပိတ္တောကျေးရွာတွင် ယမန့်နေ့နံနက်ပိုင်းက အိမ်ရှင် ဦးစိုးမြင့်၏ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်း၍ သွပ်မိုးအုတ်ကာသမံတလင်းခင်း နှစ်ထပ်နေအိမ်တစ်လုံး ဆုံးရှုံးမှုဖြစ်ပွားခဲ့ရာသို့ ယနေ့ နံနက်(၈)နာရီက သွာရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး အဆိုပါ မီးဘေးသင့် အိမ်ထောင်စုတစ်စုအား ဆန်အိတ်နှင့် ထောက်ပံ့ငွေ(၁)သိန်းကျပ်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)