ကောလင်း  ၂၄   မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်၊ မြောက်အင်းရပ်ကွက် ဥတ္တရာမပရိယတ္တိကျောင်းတိုက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ယနေ့ နံနက် ၉ နာရီက ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် ကောလင်းမြို့ အမှတ်(၁၂၀)ခြေမြန် တပ်ရင်းမှဗိုလ်မှူး ခိုင်မြဲဟိန်း ဦးဆောင်သောတပ်မတော်အဖွဲ့ ၁၀ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သေးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၉ ဦး၊ အရန်မီးသတ် ငါးဦး၊ ကြက်ခြေနီ ၂ ဦးတို့ ပူးပေါင်း၍ ကောလင်းမြို့ မြောက်အင်းရပ်ကွက် ဥတ္တရာရာမပရိယတ္တိစာသင်တိုက်အတွင်းရှိ ကျောင်းဆောင်များအားလုံး ပိုးသတ်ဆေးဖျန်းခြင်း၊ ကျောင်းထိုင်ဆရာတော်ကြီးနှင့် စာသင်သား သံဃာတော်များကို အပူချိန်တိုင်းခြင်း၊ ကျန်းမာရေးစစ်ဆေးပေခြင်း၊ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် သောက်သုံးရေ ဂါလန် ၈၀ဝ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)